한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

✨ ကိုရီးယားမှာ D-10 ဗီဇာနဲ့ အလုပ်သင် ဝင်ဖို့ လျှောက်ထားခဲ့တဲ့ နိုင်ငံခြားသူ Nicoleရဲ့ အတွေ့အကြုံ

မင်္ဂလာပါရှင်! ကျွန်မက 'Nicole' ပါ။ ပြီးခဲ့တဲ့ သြဂုတ်လမှာ ကိုရီးယားတက္ကသိုလ်က ဘွဲ့လက်မှတ်ကို ရရှိပြီးကတည်းက D-10 (အလုပ်ရှာဖွေရေး) ဗီဇာနဲ့ အလုပ်ရှာဖွေနေသူပါ။

ကျောင်းပြီးလို့ အလုပ်ရှာဖွေရေး ဗီဇာရတော့ "အော်၊ ပန်းခင်းလမ်းလေးပဲ ကျန်ပါတော့တယ်!" ဆိုပြီး ခဏတာ ပျော်ခဲ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့... နေ့တိုင်း အလုပ်ခေါ်စာတွေကို ကြည့်ရင်း 'ငါ တကယ်ပဲ ကိုရီးယားမှာ အလုပ်ရပါ့မလား' ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ကိုရီးယားရဲ့ နာမည်ကြီး အလုပ်ရှာဖွေရေး Appတွေကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သုံးခဲ့ပေမယ့် နိုင်ငံခြားသားတွေအတွက် Professional အလုပ်အကိုင် ရှာတွေ့ဖို့က တကယ်ပဲ ကောင်းကင်ပေါ်က ကြယ်ကို ဆွတ်ခူးရသလို ခက်ခဲခဲ့ပါတယ်။ အလုပ်လျှောက်လွှာ (CV + Resume) ကို ရာချီ နီးပါးလောက် ပေးပို့ လျှောက်ထားပေမယ့် အလုပ်တွေက အကြောင်းမပြန်တဲ့အခါ စိတ်ဓာတ်ကျပြီး လက်လျှော့ချင်ခဲ့တာ အမှန်ပါပဲ။ အဲဒီနောက်မှာ Vijob App ကို သိခဲ့ရပြီး အံ့ဩစရာကောင်းစွာနဲ့ Vijob App ကနေတစ်ဆင့် ကျွန်မ တိတိကျကျ လိုချင်ခဲ့တဲ့ E-7 Professional အတတ်ပညာရှင် အလုပ်အမျိုးအစားနဲ့ ကိုက်ညီတဲ့ စျေးကွက်ရှာဖွေရေး (Marketing) ကုမ္ပဏီကောင်းတစ်ခုမှာ အလုပ်သင် (Intern) အခွင့်အရေးကို ရခဲ့ပါတယ်! 🎉

D-10 ဗီဇာ ကိုင်ဆောင်ထားသူတွေဟာ 'အလုပ်သင် လှုပ်ရှားမှု (D-10 인턴 신고)' ကို လူဝင်မှုကြီးကြပ်ရေးကို မဖြစ်မနေ အကြောင်းကြားရမယ် ဆိုတာကို သိထားပြီးသားပါ။ ဒါပေမဲ့ တကယ်တမ်း စာရွက်စာတမ်းတွေ ပြင်ဆင်ရတဲ့အချိန်ကစပြီး ကျွန်မရဲ့ "စစ်ပွဲ" စတင်ခဲ့ပါတော့တယ်။

တကယ်တော့၊ ဒီရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေကို ကြိုတင်သိရှိပြီး ပြင်ဆင်နိုင်ခဲ့တာက Vijob ကြောင့်ပါ။ Vijob ကနေ သက်ဆိုင်ရာ အချက်အလက်တွေနဲ့ ပြင်ဆင်မှု အဆင့်ဆင့်ကို အသေးစိတ် ပြောပြပေးခဲ့လို့ အထောက်အကူ အများကြီး ရခဲ့ပါတယ်!

ဒါကြောင့်မို့ ကျွန်မ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ တကယ့်အတွေ့အကြုံနဲ့ D-10 အလုပ်သင် အကြောင်းကြားခြင်း  (D-10 인턴 신고)အတွက် တကယ့် အဖိုးတန် အကြံဉာဏ်တွေကို အခုပဲ ပြောပြပါမယ်!


Q1. 💭 "D-10 အလုပ်သင် အကြောင်းကြားခြင်းက ဘာကြောင့် အရေးကြီးတာလဲ?"

A. 🗨️

D-10 က အလုပ်လုပ်ဖို့ ပေးထားတဲ့ ဗီဇာမဟုတ်ဘဲ 'အလုပ်ရှာဖွေရေး လှုပ်ရှားမှု' လုပ်ဖို့ ပေးထားတာပါ။ ဒါကြောင့် ရိုးရိုး အချိန်ပိုင်း အလုပ် (Part-time) တွေ ဒါမှမဟုတ် E-7 အလုပ်အမျိုးအစားနဲ့ မသက်ဆိုင်တဲ့ ရိုးရိုး လုပ်သားအလုပ်တွေ လုပ်လို့မရပါဘူး။ E-7 လိုမျိုး Professional အတတ်ပညာရှင် အလုပ်အမျိုးအစားနဲ့ ဆက်စပ်တဲ့ အလုပ်သင် လှုပ်ရှားမှုတွေကိုသာ ခွင့်ပြုထားပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်သင် စတင်တာနဲ့ လူဝင်မှုကြီးကြပ်ရေးကို မဖြစ်မနေ အကြောင်းကြားရပါမယ်။

အကြောင်းမကြားဘဲ အလုပ်လုပ်ရင် မိသွားတဲ့အခါ ဒဏ်ငွေ (Penalty) ပေးဆောင်ရနိုင်သလို၊ နောက်ပိုင်း E-7 ဗီဇာ ပြောင်းတဲ့အခါမှာလည်း အတားအဆီး ဖြစ်သွားနိုင်ပါတယ်! 🥺 ဒါကြောင့် ကျွန်မက ကုမ္ပဏီကို ချက်ချင်း ပြောပြပြီး အကြောင်းကြားတဲ့ လုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။

ပြီးတော့ ကျွန်မလို အလုပ်ရှာဖွေသူတွေအတွက် ဒီအကြောင်းကြားထားတဲ့ မှတ်တမ်းက ဘာကြောင့် အရေးကြီးတာလဲဆိုရင်-

D-10 ဗီဇာက ၆ လ ဒါမှမဟုတ် ၁ နှစ် တစ်ခါ သက်တမ်းတိုးရတာ မဟုတ်လား? အဲဒီအခါမှာ လူဝင်မှုကြီးကြပ်ရေးကို "အလုပ်ရှာဖွေရေး လှုပ်ရှားမှု မှတ်တမ်း" ကို တင်ပြရပါတယ်။ တရားဝင် အကြောင်းကြားထားတဲ့ အလုပ်သင် လှုပ်ရှားမှု မှတ်တမ်းဆိုတာက အခိုင်မာဆုံးနဲ့ အားအကောင်းဆုံး သက်သေခံ အထောက်အထား ဖြစ်ပါတယ်။ ဒီအကြောင်းကြားစာက "ကျွန်မ ကိုရီးယားမှာ အလုပ်ရဖို့ ဒီလောက်အထိ ကြိုးစားခဲ့ပါတယ်!" ဆိုတာကို ပြသတဲ့ အဓိက သက်သေပဲ ဖြစ်ပါတယ်။ ဒါကြောင့် D-10 အလုပ်သင် အကြောင်းကြားခြင်းက မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခုပါ။

📝 အကြံဉာဏ်: အလုပ်သင်ကို စတင် လုပ်တဲ့ရက်ကစပြီး ၁၅ ရက်အတွင်း အကြောင်းကြားရပါမယ်။ ၁၅ ရက် ကျော်သွားရင် နောက်ကျသွားပါပြီ!


Q2. 💭 "D-10 အလုပ်သင် အကြောင်းကြားဖို့အတွက် လူဝင်မှုကြီးကြပ်ရေးရုံးကို ကိုယ်တိုင်သွားရတာလား? ဘယ်လိုနည်းလမ်းတွေနဲ့ အကြောင်းကြာခဲ့တာ?"

A. 🗨️

D-10 အလုပ်သင် အကြောင်းကြားဖို့ နည်းလမ်း (၂) ခု ရှိပါတယ်။

  1. လူဝင်မှုကြီးကြပ်ရေးရုံး (Immigration) ကို ကိုယ်တိုင် သွားရောက်ပြီး အကြောင်းကြားခြင်း။

  2. စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး Fax ဖြင့် ပေးပို့ခြင်း (နံပါတ် 1577-1346 သို့ ဒေသကုဒ်မပါဘဲ ပို့ပါ)။

ကျွန်မက အလုပ်သင်ကို ချက်ချင်း စတင်ရမှာဖြစ်လို့၊ Reservation လုပ်ပြီး လူကိုယ်တိုင် သွားရောက်ရတဲ့ ကိုယ်တိုင် အကြောင်းကြားခြင်းထက် Fax ပို့တဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ကုမ္ပဏီက လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အတူတူ စစ်ဆေးပေးခဲ့လို့ အခက်အခဲတွေလည်း တော်တော်သက်သာခဲ့ပါတယ်။ စာရွက်စာတမ်းတွေ အားလုံး ပြင်ဆင်ပြီးတဲ့နောက်မှာ "တစ်ခါတည်းနဲ့ approval ရပါစေ!" လို့ စိတ်ထဲကနေ ဆုတောင်းရင်း ကုမ္ပဏီရဲ့ အကူအညီနဲ့ 1577-1346 နံပါတ်စီ Faxကို ဂရုတစိုက် ပို့ခဲ့ပါတယ် 😅။

လူဝင်မှုကြီးကြပ်ရေးရုံးကို ကိုယ်တိုင် သွားစရာမလိုဘဲ အချိန်‌ရော လူအင်အားရော နှစ်ခုလုံးကို ချွေတာနိုင်ခဲ့ပြီး‌တော့ စာရွက်စာတမ်းတွေ ပို့ပြီးတဲ့နောက်မှာ ကိုရီးယားမှာ တရားဝင် အလုပ်သင် စတင်နိုင်ပြီဆိုတဲ့ ခံစားချက်ကြောင့် တကယ်ပဲ စိတ်သက်သာရာ ရခဲ့ပါတယ် 😊။


Q3. 💭 "D-10 အလုပ်သင် အကြောင်းကြားဖို့ ဘယ်လို စာရွက်စာတမ်းတွေ လိုအပ်လဲ?"

A. 🗨️

D-10 အလုပ်သင် အကြောင်းကြားခြင်းမှာ အရှုပ်ထွေးဆုံး အပိုင်းက စာရွက်စာတမ်း ပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ကိုယ်တိုင်ပြင်ဆင်ရမယ့် စာရွက်တွေနဲ့ ကုမ္ပဏီကို တောင်းဆိုရမယ့် စာရွက်တွေကို တိတိကျကျ ခွဲခြားသိရှိဖို့ အရေးကြီးပါတယ်။

📌 (နိုင်ငံခြားသား ကိုယ်တိုင်) ပြင်ဆင်ရမယ့် စာရွက်စာတမ်းများ

xXfAdZt83QZ905FLNaYuBoop

📌 ကုမ္ပဏီက ပြင်ဆင်ပေးရမယ့် စာရွက်စာတမ်းများ

xXJrbBgyHrYcO4DGWE4gLkFJ

ကျွန်မရဲ့ စာချုပ်မှာ အစတုန်းက "စျေးကွက်ရှာဖွေရေး လုပ်ငန်းများ အားလုံး(마케팅 업무 전반)" လို့ပဲ ရေးထားခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေး အကြံပေးဌာနက -

"ဒီလို ရေးထားရင် E-7 အတတ်ပညာရှင် Professional အလုပ် ဟုတ်/မဟုတ်ကို စစ်ဆေးလို့ မရပါဘူး! အလုပ်အကြောင်းအရာကို အသေးစိတ် ရေးရပါမယ်" လို့ ပြောလို့ တော်တော်လေး အံ့ဩသွားခဲ့ရပါတယ် 😅။

ဒါကြောင့် ကုမ္ပဏီကို ပြန်လည် တောင်းဆိုပြီး 'ကြော်ငြာနှင့် ဖြန့်ချိရေး (Marketing) ပညာရှင် (광고 및 홍보 전문가) (2733)' လိုမျိုး အသေးစိတ် အလုပ်အကြောင်းအရာတွေကို ထပ်ထည့်ပေးခဲ့သလို E-7 အလုပ်ကုဒ်ကိုလည်း ရှင်းရှင်းလင်းလင်း ဖော်ပြပေးခဲ့ပါတယ်။

ဒီနေရာမှာ ကျွန်မ သေချာ သိလိုက်ရတာက အလုပ် နယ်ပယ်နဲ့ အလုပ်ကုဒ် ရှင်းရှင်းလင်းလင်း ရှိမှ စစ်ဆေးမှုက လွယ်ကူချောမွေ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီကို E-7 အလုပ်ကုဒ် ထည့်သွင်းပေးဖို့ မဖြစ်မနေ တောင်းဆိုရပါမယ်။


Q4. 💭 "စာရွက်တွေ မှန်မှန်ကန်ကန် ရောက်သွားခြင်း ရှိ/မရှိ ဘယ်လို စစ်ဆေးရမလဲ?"

A. 🗨️

Faxနဲ့ စာရွက်တွေ ပို့ပြီး ရက်အနည်းငယ်ကြာတဲ့အထိ စိတ်ပူနေခဲ့ရလို့ နောက်ဆုံးမှာတော့ ☎️ 1345 ကို ဖုန်းဆက်ခဲ့ပါတယ်။ စာရွက်တွေ သေသေချာချာ ရောက်သွားလားဆိုတာကို အရမ်း သိချင်နေခဲ့တာပါ။ Fax ပို့တဲ့ အချိန်ကိုသာ တိတိကျကျ ပြောပြလိုက်တော့-

"ဟုတ်ကဲ့၊ လက်ခံရရှိပြီး စိစစ်နေပါတယ်" ဆိုတဲ့ အဖြေကို ကြားခဲ့ရပါတယ်။ အဲဒီစကားကို ကြားပြီးမှ တကယ်ပဲ စိတ်အေးသွားခဲ့ရပါတယ်။

ဒီမှာ တစ်ခုပြောစရာ ရှိပါတယ် 👇

“외국인등록사항 변경 신고(인턴 신고)로 팩스 보냈습니다”
[နိုင်ငံခြားသား မှတ်ပုံတင် အချက်အလက် ပြောင်းလဲခြင်း အကြောင်းကြားစာ (အလုပ်သင် အကြောင်းကြားစာ) ကို Fax ပို့ထားပါတယ်] လို့ ပြောလိုက်ရင် အကြံပေးက ချက်ချင်း စစ်ဆေးပေးပါလိမ့်မယ်။

စိစစ်နေစဉ်အတွင်းမှာ အလုပ်သင်ကို စတင် လုပ်ကိုင်နေလည်း ရပါတယ်လို့ ပြောပြခဲ့ပြီး အတည်ပြုချက် ရပြီဆိုရင် သီးသန့် အကြောင်းကြားစာ လာတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ပြဿနာ တစ်စုံတစ်ရာ ရှိရင်သာ စာ (Text) ဒါမှမဟုတ် ဖုန်းနဲ့ အကြောင်းကြားမယ်လို့ ပြောပါတယ်။

ဒါကြောင့် ကျွန်မလည်း စိတ်အေးလက်အေးနဲ့ အလုပ် လုပ်ကိုင်ခဲ့ပါတယ်။


Q5. 💭 "အခု လက်ရှိ ကိုရီးယားမှာ အလုပ်ရှာဖို့ ကြိုးစားနေကြတဲ့သူတွေအတွကအတွက် အားပေးစကား တစ်ခွန်းလောက် ပြောပေးနိုင်မလားရှင့်?"  

 

A. 🗨️ 

🌟 အမှန်အတိုင်းပြောရရင် D-10 ဗီဇာ အလုပ်သင် အကြောင်းကြားခြင်း (D-10 인턴 신고) လုပ်ငန်းစဉ်က နည်းနည်းတော့ ရှုပ်ပြီး ခေါင်းစားစရာတွေ များပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရင်းနဲ့ ကိုရီးယားမှာ အလုပ်ဝင်ဖို့ လိုအပ်တဲ့ အဆင့်တွေကို ကြိုသိ၊ ကြိုလေ့ကျင့်ပြီးသား ဖြစ်သွားလို့ အကျိုးရှိခဲ့ပါတယ်။အရင်တုန်းက အလုပ်သင် သက်တမ်းကို ကုမ္ပဏီတစ်ခုမှာ အများဆုံး ၆ လအထိ ကန့်သတ်ထားပေမယ့် အခုတော့ ၁ နှစ်အထိ ကန့်သတ်ထားပါတယ်။ ဒီအချိန်အတွင်းမှာ ကြိုးကြိုးစားစား အတွေ့အကြုံတွေ ရယူပြီး အမြဲတမ်း ဝန်ထမ်းအဖြစ် ပြောင်းလဲပြီး E-7 ဗီဇာကို မဖြစ်မနေ ရအောင် ယူပါမယ်!

အခု ကျွန်မလိုပဲ D-10 ဗီဇာနဲ့ အလုပ်ရှာဖွေရင်း အလုပ်သင် အကြောင်းကြားခြင်း(D-10 인턴 신고) ဖို့ ပြင်ဆင်နေကြတဲ့ သူငယ်ချင်းမျ အားလုံး စိတ်ဓာတ်မကျဘဲ အားတင်းထားကြပါ! 💪

ဒီလိုရှုပ်ထွေးတဲ့ လုပ်ငန်းစဉ် လမ်းကြောင်းတွေကို ကျော်ဖြတ်နိုင်မှသာ ကျွန်မတို့ ပိုင်ဆိုင်ချင်တဲ့ ကိုရီးယားက Career (အလုပ်အကိုင်) ကောင်းတွေကို အကောင်အထည်ဖော် စတင်နိုင်မှာပါ။ 💪 💪