한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

⤷ ゛D-10 ဗီဇာ ကိုင်ဆောင်ထားသူများ မဖြစ်မနေ သွားသင့်သော ပွဲတော်ကြီး‼️ ˎˊ˗

အားလုံးပဲ မင်္ဂလာပါ~~~ 🎉

ကိုရီးယားမှာ အလုပ်ရှာနေတဲ့ နိုင်ငံခြားသား ဧည့်သည်များအားလုံးကို ကြိုဆိုပါတယ်! အထူးသဖြင့် D-10 ဗီဇာ (အလုပ်ရှာဖွေရေး ဗီဇာ) ကို ကိုင်ဆောင်ထားသူတွေအတွက် ဒီပွဲက သင်တို့အတွက် ရည်ရွယ်ထားတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ် 🎯။

💭 “ဘာပွဲလဲဆိုတာ သိချင်ကြတယ်ဟုတ်?” 

ဒါကတော့ ↪「 ✦ ၂၀၂၅ နိုင်ငံခြားသား အလုပ်အကိုင် ရှာဖွေရေးနှင့် ခေါ်ယူရေး ပွဲတော် (2025 외국인 취업·채용 박람회) ✦ 」 ပဲ ဖြစ်ပါတယ် ⁀➴

ဆိုးလ်မြို့တော်က တိုက်ရိုက် ဦးစီးကျင်းပပြီး ကုမ္ပဏီတွေ၊ ဗီဇာဆိုင်ရာ အချက်အလက်တွေ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အကြံဉာဏ်တွေကို တစ်နေရာတည်းမှာ ရယူနိုင်တဲ့ နိုင်ငံခြားသားများအတွက် တစ်ခုတည်းသော အလုပ်ရှာဖွေရေး ပွဲတော် ဖြစ်လို့ပါ။

ဒီပွဲတော်ဟာ နိုင်ငံခြားသား ကျောင်းသား၊ D-10 ဗီဇာ ကိုင်ဆောင်သူ၊ လက်ထပ်ထားတဲ့ ရွှေ့ပြောင်းနေထိုင်သူ အပါအဝင် အလုပ်ရှာဖွေသူ နိုင်ငံခြားသားအားလုံးကို ကိုရီးယားကုမ္ပဏီတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး လက်တွေ့ကျတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ ကူညီပေးမယ့် နေရာဖြစ်ပါတယ်။

  • 📌 မျက်နှာချင်းဆိုင် အင်တာဗျူး: ဆိုးလ်အခြေစိုက် ကုမ္ပဏီ ၈၀ လောက် ပါဝင်ပြီး၊ ပွဲနေ့မှာပဲ ချက်ချင်း အင်တာဗျူးပြီး ခေါ်ယူနိုင်သည်အထိ ချိတ်ဆက်ပေးမှာပါ။

  • 📌 Connect K Zone (ဗီဇာ/အလုပ်သမား ဥပဒေ အကြံဉာဏ် ရယူနိုင်သော နေရာ):

    • ❶ ဗီဇာ၊ ဥပဒေ၊ အလုပ်သမားရေးရာ အကြံဉာဏ်တွေကို တစ်ပြိုင်နက် ရယူနိုင်တဲ့ အထူးဇုန်ပါ။

    • ❷ ကိုရီးယားမှာ အလုပ်လုပ်ဖို့ စည်းမျဉ်းတွေ ရှုပ်ထွေးတဲ့ နိုင်ငံခြားသားတွေအတွက် အလွန် အရေးကြီးပါတယ်။

  • 📌 အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပြပေးမှု ‘취얼업! 코디네이팅’: အလုပ်အကိုင် လမ်းညွှန်မှု၊ ကိုယ်ရေးရာဇဝင် စစ်ဆေးခြင်း၊ အလုပ်အကိုင် ဦးတည်ချက် သတ်မှတ်ခြင်းတို့ကို အခမဲ့ ကူညီပေးပါတယ်။

✔ တစ်ရက်တည်းနဲ့ တကယ်လိုအပ်တဲ့ အလုပ်အကိုင်ဆိုင်ရာ အချက်အလက် အားလုံးကို ရရှိနိုင်ပါတယ်။


🗪 “ပွဲက ဘယ်အချိန်လဲဆိုတာ သိချင်နေပြီ မဟုတ်လား?”

  • ပွဲအမည်: ၂၀၂၅ နိုင်ငံခြားသား အလုပ်အကိုင် ရှာဖွေရေးနှင့် ခေါ်ယူရေး ပွဲတော် (2025 외국인 취업·채용 박람회)

  • ရက်စွဲ: ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် (ကြာသပတေးနေ့)၊ နံနက် ၁၀း၀၀ မှ ညနေ ၅း၀၀ နာရီ

  • နေရာ: SETEC 제1전시실 (서울 강남구 남부순환로 3104)

  • ပူးတွဲကျင်းပသူ: ဆိုးလ်မြို့တော်အစိုးရနှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း

📌 ပွဲတော်ကို လာရောက်ချင်သူတွေအနေနဲ့ “အွန်လိုင်းမှ ကြိုတင် လျှောက်လွှာတင်ထားခြင်း” ကို မဖြစ်မနေ ပြုလုပ်ထားရပါမယ်။

ဒါကြောင့် ပါဝင်ချင်တဲ့ သူတွေအတွက် Vijob က လျှောက်လွှာတင်နည်းကိုလည်း ပြောပြပေးပါမယ်။ ✧˖°.👇

အရေးကြီးဆုံး အဆင့်! ကြိုတင် မှတ်ပုံတင်ခြင်း (အွန်လိုင်း လျှောက်လွှာ) ★ ★ ★ ★ ★

D-10 ဗီဇာ ကိုင်ဆောင်ထားသူတွေဆိုရင် ကြိုတင် မှတ်ပုံတင်ထားတာက အားသာချက် အရှိဆုံး ပါ။ ဘာကြောင့်လဲဆိုတော့·········

📝 ကိုယ်ရေးရာဇဝင် (CV) ကို ကြိုတင်တင်ထားရင် ❶ ပွဲနေ့မှာ ချက်ချင်း အင်တာဗျူးနဲ့ ချိတ်ဆက်ဖို့ အခွင့်အလမ်း ပိုများလာပြီး၊ ❷ ကုမ္ပဏီရဲ့ ဝန်ထမ်းခေါ်ယူသူတွေနဲ့ သင့်လျော်မှု ပိုမို တိကျလာကာ၊ ❸ ဝင်ရောက်ဖို့ လုပ်ထုံးလုပ်နည်းများပါ ပိုမို မြန်ဆန်ပြီး အခွင့်အလမ်း ပိုရနိုင်လို့ပါပဲ။

  • 📅 လျှောက်လွှာတင်ချိန်: ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် (ဗုဒ္ဓဟူးနေ့) အထိ (ပွဲမကျင်းပမီ တစ်ရက်အထိ ရပါသည်)

  • 🌐 လျှောက်လွှာတင်နည်း (အွန်လိုင်း ကြိုတင် မှတ်ပုံတင်):

    1. ပွဲတော်၏ တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပါ: 👉 www.2025seouljobfair.com

    2. အပေါ်ဆုံး မီနူးမှ → ‘구직자 참가안내’ → ‘참가신청’ ကို နှိပ်ပါ။

    3. အွန်လိုင်း ကိုယ်ရေးရာဇဝင် (CV) တင်ပြပါ။

    4. စိတ်ဝင်စားသော ကုမ္ပဏီ (အင်တာဗျူး ဖြေဆိုလိုသော ကုမ္ပဏီ) ကို ရွေးချယ်ပေးပါက ပါဝင်ရန် လျှောက်လွှာတင်ခြင်း အဆင့်ပြီးဆုံးပါပြီ။

လျှောက်လွှာတင်ပြီး ပွဲတက်လိုက်ရုံနဲ့ ပြီးသွားမယ့် ရိုးရှင်းတဲ့ ပွဲမဟုတ်ပါဘူး။ ဒီပွဲက ပွဲနေ့မှာပဲ လက်တွေ့ကျတဲ့ အင်တာဗျူးတွေ ပြုလုပ်ပြီး အလုပ်ခန့်အပ်မှုအထိပါ ချိတ်ဆက်နိုင်တဲ့ တရားဝင် အလုပ်အကိုင် ချိတ်ဆက်ရေး အစီအစဉ် ဖြစ်တဲ့အတွက် D-10 ဗီဇာ ကိုင်ဆောင်ပြီး အလုပ်ရချင်သူတွေအတွက် ပွဲတော်ကို သွားရောက်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အရာတွေက အများကြီး ရှိပါတယ်။ ပြင်ဆင်မှု ကောင်းမွန်လေလေ အခွင့်အလမ်း ပိုများလေပါပဲ။ ဒါကြောင့် Vijob က ‘ကြိုတင်ပြင်ဆင်မှု လျှို့ဝှက်ချက်များ’ ကိုပါ ပြောပြပေးပါမယ်။


💡 Vijob ၏ လက်တွေ့ကျသော ကြိုတင်ပြင်ဆင်မှု လျှို့ဝှက်ချက်များ!

  • ✨ ပြင်ဆင်မှု TIP 1. ကိုရီးယားပုံစံ CV + အင်္ဂလိပ် CV နှစ်မျိုးလုံး ပြင်ဆင်ပါ

    • ကုမ္ပဏီတိုင်းရဲ့ လိုအပ်ချက် မတူပါဘူး။ ကိုရီးယားပုံစံ (ဓါတ်ပုံပါ) နဲ့ Globalဆိုင်ရာ ပုံစံ (ဓါတ်ပုံမပါ) နှစ်မျိုးလုံးကို ယူဆောင်သွားပါ။

  • ✨ ပြင်ဆင်မှု TIP 2. အင်တာဗျူး မေးခွန်းများကို ကြိုတင် လေ့ကျင့်ပါ

    • “ဘာကြောင့် ကိုရီးယားမှာ အလုပ်လုပ်ချင်တာလဲ?”

    • “ဗီဇာ အခြေအနေကို ရှင်းပြပေးပါ”

    • “အရင်က အတွေ့အကြုံတွေကို ကိုရီးယား ကုမ္ပဏီနဲ့ ဘယ်လို ချိတ်ဆက်နိုင်မလဲ?”

    • ဒီ မေးခွန်း သုံးခုက မဖြစ်မနေ မေးလေ့ရှိတဲ့ မေးခွန်းတွေပါ။

  • ✨ ပြင်ဆင်မှု TIP 3. ဗီဇာဆိုင်ရာ စာရွက်စာတမ်းများ ယူဆောင်သွားပါ

    • ပွဲနေ့မှာ ဗီဇာဆိုင်ရာ အကြံဉာဏ် ယူတဲ့အခါ လိုအပ်ပါမယ်။

      • ပတ်စ်ပို့ (Passport)

      • D-10 ဗီဇာ မျက်နှာပြင်ပုံ

      • နိုင်ငံအဝင်/အထွက်မှတ်တမ်း (출입국 기록)

      • ဘွဲ့လက်မှတ် သို့မဟုတ် ဘွဲ့ရရှိမည်ဖြစ်ကြောင်း ထောက်ခံစာ

  • ✨ ပြင်ဆင်မှု TIP 4. ကုမ္ပဏီ စာရင်းကို ပွဲမတိုင်မီ ကြိုတင်စစ်ဆေးပါ

    • လိုချင်တဲ့ ကုမ္ပဏီရဲ့ အင်တာဗျူးအချိန်ကို ကြိုမှတ်ထားရင် ပွဲနေ့မှာ အချိန်မကုန်မှာဘဲ ဖြစ်ပါတယ်။

  • ✨ ပြင်ဆင်မှု TIP 5. ဝတ်စားဆင်ယင်မှု သပ်ရပ်ပါစေ

    • အနောက်တိုင်းဝတ်စုံ (Suit) အထိ မဟုတ်ရင်တောင် စီးပွားရေး လုပ်ငန်းသုံး ဖက်ရှင် (Business Casual) လို ဝတ်သွားရင် အင်တာဗျူး ဖြေဖို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။

အထက်ပါ လက်တွေ့ကျတဲ့ ပြင်ဆင်မှုများကို သေချာလုပ်ထားမယ်ဆိုရင် “ကြိုတင်ပြင်ဆင်သူအတွက် အကြီးမားဆုံးသော အခွင့်အရေး ရောက်လာပါလိမ့်မယ်။”

ဒီအခွင့်အရေးကို လွဲချော်လို့ မဖြစ်ပါဘူး၊ ကိုရီးယားမှာ အလုပ်လုပ်ချင်တဲ့ သင့်အတွက် ဒီပွဲတော်ဟာ အကောင်းဆုံး စတင်ရာ နေရာပါ။ သင်တို့ရဲ့ ကိုရီးယားက အသက်မွေးဝမ်းကြောင်း ခရီးကို Vijob ကနေ အတူတူ ဖွင့်လှစ်ပေးပါရစေ။ နောက်ထပ် သိလိုတာတွေ ရှိရင် အချိန်မ‌‌ရွေး မှတ်ချက် (Comment) ပေးခဲ့ပါ! 😊🤗


P.S. ပွဲတော်နဲ့ပတ်သက်ပြီး အသေးစိတ် မေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

📨 ဆက်သွယ်ရန်

📞 ဆိုးလ်မြို့တော် နိုင်ငံခြားသားကျောင်းသား ပံ့ပိုးရေးအဖွဲ့: 02-2133-5076
📞 ပွဲတော် စီမံခန့်ခွဲရေးရုံး: 02-2186-9997
📧 seouljobfair@incruit.com

xxY7N85DyuZ8Z4dca8bCLwcA