한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် သီတင်းကျွတ်ပွဲတော် (မြန်မာ့မီးထွန်းပွဲတော်)🏮 🪔 🕯️

ပျော်ရွှင်ဖွယ် သီတင်းကျွတ်ပွဲတော် ဖြစ်ပါစေ 🙏🇲🇲

🪔 သီတင်းကျွတ်ပွဲတော်အစ

မြန်မာလူမျိုးတွေအတွက် သီတင်းကျွတ်ပွဲတော်ဟာ အလွန်အရေးပါတဲ့ ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒီပွဲတော်ကို မြန်မာ့ပြက္ခဒိန်ရဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ကျင်းပပြီး ဗုဒ္ဓဘာသာရဲ့ ဝါတွင်းကာလ အဆုံးသတ်တာကို ဖော်ပြပါတယ်။  မြန်မာနိုင်ငံမှာ သင်္ကြန်ပွဲတော်ပြီးရင် ဒုတိယအကျော်ကြားဆုံး ပွဲတော် ဖြစ်ပါတယ်။ သီတင်းကျွတ်ပွဲတော်က အနည်းဆုံး သုံးရက်ကြာပါတယ်။ အိမ်တွေ၊ လမ်းတွေနဲ့ ဘုရားကျောင်းကန်တွေမှာ မီးပုံးတွေ၊ မီးပန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် မီးထွန်းပူဇော်ကြတဲ့ ပွဲတော် ဖြစ်ပါတယ်။

🌸 ဘာကြောင့် အရေးပါတာလဲ

သီတင်းကျွတ်ဟာ မြတ်စွာဘုရားရှင် နတ်ပြည်ကနေ လူ့ပြည်ကို ပြန်လည်ဆင်းသက်လာတာကို ကြိုဆိုတဲ့ ပွဲတော်ဖြစ်ပါတယ်။ ဒါဟာ အလင်းရောင်နဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာတဲ့ အချိန်အခါဖြစ်သလို၊ လူကြီးမိဘ၊ ဆရာသမားနဲ့ ဆွေမျိုးတွေကို ကန်တော့ပြီး ကျေးဇူးဆပ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မိသားစုတွေအကြား ချစ်ခင်ရင်းနှီးမှုနဲ့ စည်းလုံးညီညွတ်မှုကို ခိုင်မာစေပါတယ်။ ဒီပွဲတော်ရက်တွေမှာမြန်မာလူမျိုးတွေဟာ ဘုရားစေတီပုထိုးတွေနဲ့ ဘုန်းကြီးကျောင်းတွေဆီသွားပြီး ရတနာသုံးပါးကို ပူဇော်တာ၊ ဘုန်းတော်ကြီးတွေကို ရိုသေလေးစားတာနဲ့ အစားအစာတွေ ကပ်လှူတာတွေ လုပ်ကြပါတယ်။ တချို့ကတော့ လပြည့်နေ့မှာ ဥပုသ်စောင့်ထိန်းလေ့ရှိပါတယ်။ လူငယ်တွေက မိဘတွေ၊ ဆရာတွေ၊ အသက်ကြီးတဲ့ ဆွေမျိုးတွေကို ကန်တော့ပြီး အသီးအနှံတွေနဲ့ လက်ဆောင်တွေ ပေးကြပါတယ်။ ကန်တော့ရင်းနဲ့ တစ်နှစ်တာအတွင်း လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြတာလည်း ရှိပါတယ်။ ရိုးရာဓလေ့အရ လူကြီးတွေကလည်း လူငယ်တွေရဲ့ အမှားတွေကို ခွင့်လွှတ်ပေးပြီး ကံကောင်းဖို့ ကောင်းချီးပေးကာ မုန့်ဖိုးပေးလေ့ရှိပါတယ်။

🎉 ပွဲတော်ရဲ့ အဓိပ္ပါယ်

ဒီပွဲတော်ဟာ ကိုယ့်ကိုယ်ကိုယ် သန့်စင်အောင် ပြုလုပ်ခြင်း၊ အမှားတွေကို ခွင့်လွှတ်တောင်းပန်ခြင်းနဲ့ အပြန်အလှန် လေးစားမှုရှိခြင်းတွေကို သင်ကြားပေးပါတယ်။ ဒါ့အပြင် ရိုးရာအနုပညာဖျော်ဖြေပွဲတွေ၊ အစားအသောက်ဆိုင်တွေနဲ့ လမ်းမတွေပေါ်မှာ စည်ကားနေတဲ့ မြင်ကွင်းတွေက ပွဲတော်ရဲ့ ပျော်ရွှင်တဲ့အငွေ့အသက်တွေကို ပိုပြီး ပြည့်စုံစေပါတယ်။

🙏 Vijob ကနေ ဒီလို အဓိပ္ပာယ်ရှိတဲ့ သီတင်းကျွတ်ပွဲတော်ကနေ ရရှိတဲ့ ရိုးသားမှုနဲ့ ရိုသေလေးစားမှုဆိုင်ရာ ကောင်းမွန်တဲ့ အဓိပ္ပာယ်တွေကို မျှဝေချင်ပါတယ်။ အားလုံးရဲ့ ဘဝလမ်းခရီးမှာ ငြိမ်းချမ်းမှုတွေနဲ့ သီတင်းကျွတ်ပွဲတော်မှာ ပျော်ရွှင်ကြပါစေဖို့ မျှော်လင့်ပါတယ်။

🪔Vijobနဲ့အတူ ပျော်ရွှင်စရာ သီတင်းကျွတ်ပွဲတော် ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်။🪔

yxpUbEaTJYV04OtyyH9b5lMI