한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

🌕 ချူးဆော့ (Chuseok) - ကိုရီးယားရဲ့ တရုတ်ပြက္ခဒိန်အရ ၈ လပိုင်း ၁၅ ရက်နေ့ အကြောင်း

အားလုံးပဲ မင်္ဂလာပါ၊ Vijob ကနေ ကြိုဆိုပါတယ် 😊 

ဒီနေ့မှာတော့ ကိုရီးယားရဲ့ ထင်ရှားတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ချူးဆော့ (Chuseok) အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ဒီပွဲတော်ဟာ နိုင်ငံခြားသားတွေအနေနဲ့လည်း သေချာပေါက်သိထားသင့်တဲ့ ကိုရီးယားယဉ်ကျေးမှုတစ်ခုဖြစ်ပြီး၊ ကိုရီးယားလူမျိုးတွေရဲ့ စိတ်ထားကို ခံစားသိရှိနိုင်တဲ့ အထူးနေ့တစ်နေ့လည်း ဖြစ်ပါတယ်။


🌕 ချူးဆော့ရဲ့ အဓိပ္ပာယ် - ဘာလို့ အထူးခြားဆုံးလဲ?

ချူးဆော့ဟာ ရိုးရိုးပွဲတော်တစ်ခုပဲ မဟုတ်ပါဘူး။ 

  • ကျေးဇူးတင်ရှိတဲ့နေ့: တစ်နှစ်ပတ်လုံး စိုက်ပျိုးလို့ရရှိခဲ့တဲ့ ရိတ်သိမ်းမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြတဲ့နေ့ပါ။ 

  • မိသားစုနေ့: အလုပ်တွေနဲ့ အမြဲအလုပ်များနေတဲ့သူတွေ စုပေါင်းတွေ့ဆုံပြီး မေတ္တာတွေကို ဝေမျှကြတဲ့နေ့ပါ။ 

  • လူမှုအသိုင်းအဝိုင်းနေ့: အိမ်နီးချင်းတွေနဲ့ အစားအစာတွေ ဝေမျှစားသောက်ပြီး အတူတူ ကစားကြလို့ တစ်သားတည်းဖြစ်စေတဲ့နေ့ပါ။ 

  • လရဲ့သင်္ကေတ: လုံးဝန်းတဲ့ လပြည့်ဝန်းဟာ ပေါကြွယ်ဝခြင်းနဲ့ ဆန္ဒပြည့်ဝခြင်းကို ကိုယ်စားပြုပါတယ်။ ချူးဆော့ညမှာ လကိုကြည့်ပြီး ဆုတောင်းတဲ့ ရိုးရာဓလေ့လည်း ရှိပါတယ်။ 

👉 လွယ်လွယ်ပြောရရင် ချူးဆော့ကို "ကိုရီးယားရဲ့ ကျေးဇူးတော်နေ့ (Thanksgiving)" လို့ မှတ်သားထားလို့ရပါတယ်နော်။


🍂 ချူးဆော့ကို ဘယ်အချိန်၊ ဘယ်နှစ်ရက် ကျင်းပတာလဲ?

ချူးဆော့က တရုတ်ပြက္ခဒိန်ရဲ့ ၈ လပိုင်း ၁၅ ရက်နေ့ ဖြစ်ပါတယ်။ ကိုရီးယားမှာတော့ ချူးဆော့ပွဲတော်မတိုင်ခင်တစ်ရက်၊ ပွဲတော်နေ့နဲ့ ပွဲတော်ပြီးတဲ့နောက်တစ်ရက် စုစုပေါင်း ၃ ရက်ကြာ အနားယူကြပါတယ်။ စနေ၊ တနင်္ဂနွေနဲ့ ဆက်သွားရင် ၅ ရက်ကနေ ၆ ရက်အထိ ရှည်လျားတဲ့အားလပ်ရက်ဖြစ်သွားတာမို့ လူအများစုက မိဘဆွေမျိုးတွေရှိရာ ဇာတိကိုပြန်ပြီး မိသားစုနဲ့ အချိန်ကုန်ဆုံးကြပါတယ်။


👨‍👩‍👧‍👦 ချူးဆော့မှာ ကိုရီးယားလူမျိုးတွေ ဘာတွေလုပ်ကြလဲ?

  • မိသားစုတွေ့ဆုံခြင်း: အချိန်အကြာကြီး မတွေ့ဖြစ်တဲ့ ဆွေမျိုးတွေ စုပေါင်းပြီး အတူတူ စားသောက်ကြပါတယ်။ 

  • ဘိုးဘွားကန်တော့ခြင်း (차례): ဘိုးဘွားဘီဘင်တွေကို ကျေးဇူးတင်ရှိတဲ့အနေနဲ့ အစားအစာတွေပြင်ဆင်ပြီး အရိုအသေပေး ကန်တော့ကြပါတယ်။ 

  • ဘိုးဘွားသင်္ချိုင်းသို့ သွားရောက်ခြင်း (성묘): ဘိုးဘွားဘီဘင်တို့ရဲ့ သင်္ချိုင်းကိုသွားရောက်ပြီး ပေါင်းပင်တွေရှင်းကာ ကျေးဇူးတင်ရှိတဲ့စိတ်ကို ဖော်ပြကြပါတယ်။


🍴 ချူးဆော့မှာ စားလေ့ရှိတဲ့ အစားအစာများ

  • ဆုန်းဖျောင်း (송편): လခြမ်းပုံသဏ္ဍာန်ရှိတဲ့ မုန့်ထဲကို နှမ်း၊ ပဲ၊ သစ်အယ်သီး စတာတွေထည့်ပြီး ထင်းရှူးရွက်နဲ့ ပေါင်းထားတဲ့ မုန့်ပါ။ 

  • ကိုရီးယား ရိုးရာအကြော် (전): ငါးဂျွန်း၊ မှိုဂျွန်း၊ ဒုံဂူရန်တဲန်း (အသားပြားကြော်) လိုမျိုး ဂျွန်းတွေကို ကြော်ပြီး မိသားစုနဲ့အတူ ဝေမျှစားသုံးကြပါတယ်။ 

  • သစ်သီးနဲ့ ဟန်ဂွာ (과일과 한과): ပန်းသီး၊ သစ်တော်သီး၊ ခြောက်ထားတဲ့ သစ်တော်သီး၊ ယက်ဂွာ (မုန့်ပဲသွားရည်စာ) လိုမျိုး ရိုးရာမုန့်တွေကိုလည်း ပြင်ဆင်ကြပါတယ်။ 

👉 ချူးဆော့ပွဲတော်ရဲ့ အစားအစာတွေဟာ ပေါများတဲ့ရိတ်သိမ်းမှုတွေကို အတူတူဝေမျှစားသုံးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ပါဝင်ပါတယ်နော်။


🎊 ချူးဆော့ ရိုးရာကစားနည်းများ

  • လက်ချင်းချိတ်ပြီး ကခုန်တဲ့ ကိုရီးယားရိုးရာအက (강강술래): လရောင်အောက်မှာ လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံစံ သီချင်းဆို ကခုန်ကြပါတယ်။ 

  • ကိုရီးယားရိုးရာနပန်(씨름): ကိုရီးယားရိုးရာနပန်းဖြစ်ပြီး ပွဲတော်တွေမှာ နပန်းပြိုင်ပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ 

  • ယွတ်နိုရီ ¡ ဂျယ်ဂီချာဂီ (윷놀이·제기차기): 

    • ယွတ်နိုရီ (윷놀이): တုတ်လေးချောင်းနဲ့ ကစားတဲ့ရိုးရာဘုတ်ဂိမ်း 

    • ဂျယ်ဂီချာဂီ (제기차기): ဂျယ်ဂီခေါ်တဲ့ ပစ္စည်းလေးကို ခြေထောက်နဲ့ကန်ပြီး ကစားရတဲ့ရိုးရာကစားနည်း

တစ်မိသားစုလုံး အတူတူပျော်ရွှင်စွာ ဆော့နိုင်တဲ့ ကစားနည်းတွေပါ။ ဒီဘက်ခေတ်မှာလည်း ပွဲတော်အခမ်းအနားတွေမှာ မကြာခဏ တွေ့ရပါတယ်။

💡 နိုင်ငံခြားသားတွေအတွက် ချူးဆော့ရဲ့ အဓိပ္ပာယ်

ချူးဆော့ဟာ မိသားစု၊ လူမှုအသိုင်းအဝိုင်းနဲ့ ကျေးဇူးတင်ရှိတဲ့စိတ်ထားကို ဖော်ပြတဲ့ပွဲတော်ပါ။ နိုင်ငံခြားသားတွေအနေနဲ့လည်း ချူးဆော့ယဉ်ကျေးမှုကို တွေ့ကြုံခံစားကြည့်မယ်ဆိုရင် ကိုရီးယားလူမျိုးတွေ ဘာလို့ ရိုးရာဓလေ့နဲ့ မိသားစုကို တန်ဖိုးထားတယ်ဆိုတာ ပိုပြီး နားလည်လာနိုင်ပါတယ်နော်။ 

👉 ဆုန်းဖျောင်း (송편) လုပ်တာ၊ ကိုရီးယား ရိုးရာဝတ်စုံ (한복) ဝတ်တာ၊ ရိုးရာကစားနည်းပွဲတွေမှာ ပါဝင်ရင်း ကိုရီးယားယဉ်ကျေးမှုကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ပါရှင်။ အထူးခြားဆုံး အမှတ်တရလေးတွေ ဖြစ်လာမှာပါ။ 

✨ Vijob ကနေလည်း ခင်ဗျားတို့အတွက် ကိုရီးယားရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို လွယ်လွယ်ကူကူနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် အမြဲတမ်း ပြောပြပေးသွားပါမယ်။ ပျော်ရွှင်ပြီး ပေါကြွယ်ဝတဲ့ ချူးဆော့ပွဲတော်ဖြစ်ပါစေ 🌕🎑

xYfelZRyUGYn74v04ZphBdzc

송편

xYhv6Ei303YCO4KA3WcK3wI5

전

xyAWlMN6oOYbO3Hd72NFSq35

한과

xyF531ozDsYpr5OdpQkc8B3H

강강술래

xXVXqVH994Yt65FQyFHiGlTf

씨름

xYCLNwi9boYMB4EE9FfWh1bo

윷놀이

xyKxta87qLYm139iov1Fp8GX

제기차기