한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

🎓 ၂၀၂၅ ခုနှစ်အတွက် D-4 ဗီဇာ သက်တမ်းတိုးခြင်း လမ်းညွှန် ✍️

အားလုံးမင်္ဂလာပါ။

ကိုရီးယားနိုင်ငံရှိ ဘာသာစကား သင်တန်းတက်နေရသူ နိုင်ငံတကာကျောင်းသားများအတွက် D-4 ဗီဇာသက်တမ်းတိုးခြင်း ဆိုင်ရာ အရေးကြီးသောအချက်အလက်များကို Vijob မှ သေချာစွာ ပြင်ဆင်ပေးလိုက်ပါတယ်။ “ဗီဇာသက်တမ်းတိုးခြင်း” ဆိုတဲ့စကားကို ကြားတာနဲ့ ပြင်ဆင်ရမယ့်အရာတွေ၊ စာရွက်တွေ စဉ်းစားရလို့ စိုးရိမ်ပူပန်နေပါသလား။ အဲဒါကြောင့်ပဲ Vijob က သင့်အတွက် အဆင်ပြေအောင် စီစဉ်ဖော်ပြပေးလိုက်ပါတယ်။

အောက်ပါအချက်အလက်များအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် သက်တမ်းတိုး လျှောက်ထားခြင်းက ထင်သလောက်မခက်ပါဘူး။👇

📅 လျှောက်ထားနိုင်သည့်အချိန်

  • လျှောက်လွှာတင်နိုင်ချိန် – ဗီဇာသက်တမ်းကုန်ဆုံးမည့်နေ့မှ ၄ လအကြိုကစပြီး၊ သက်တမ်းကုန်ဆုံးနေ့အထိ

  • စစ်ဆေးချိန် – ပုံမှန်အားဖြင့် ၂ ပတ်မှ ၃ ပတ်အထိ

  • သတိပြုရန် – စစ်ဆေးဖြေရှင်းခြင်း ပြီးသည့်အထိ ကိုရီးယားနိုင်ငံမှ ထွက်ခွာခွင့်မရှိပါ။ ထွက်ခွာရန် အစီအစဉ်ရှိပါက ချိန်ညှိထားရန် လိုအပ်ပါတယ်။

🧾 လျှောက်ထားနည်းလမ်း

၁။ အွန်လိုင်းဖြင့်

  • HiKorea ဝဘ်ဆိုဒ်သို့ ဝင်ရောက်ပါ

  • 민원신청 → 등록외국인의 체류기간연장허가 ကိုရွေးချယ်ပါ

  • ဝန်ဆောင်ခ: ₩50,000

၂။ အော့ဖ်လိုင်းဖြင့်

  • HiKorea တွင် ကြိုတင်ချိန်းစာရင်းလုပ်ရန် လိုအပ်ပါသည်

  • ချိန်းထားသောနေ့တွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ တက်ရောက်၍ စာရွက်စာတမ်းများ တင်ပြပါ

  • ဝန်ဆောင်ခ: ₩60,000

📂 လိုအပ်သော အခြေခံစာရွက်စာတမ်းများ

  1. 통합신청서 (ဓာတ်ပုံ မလိုအပ်ပါ)

  2. နိုင်ငံကူးလက်မှတ်

  3. နိုင်ငံခြားသားမှတ်ပုံတင်ကတ်

  4. ကျောင်းတက်နေကြောင်း အထောက်အထား

  5. တက်ရောက်မှတ်တမ်း သို့မဟုတ် အမှတ်စာရင်း

  6. သင်တန်းကြေးပေးသွင်းမှုအထောက်အထား

  7. နေထိုင်ရာအထောက်အထား

  8. ငွေကြေးအထောက်အထား (သက်ဆိုင်ပါက)

  9. တီဘီစစ်ဆေးလက်မှတ် (သက်တမ်း ၃ လအတွင်း၊ သတ်မှတ်ထားသည့် ဆေးရုံမှသာ)

  10. သင်တန်းအချိန်ဇယား သို့မဟုတ် သင်ကြားရေးအစီအစဉ်

 â€ť ကျောင်းဝဘ်ဆိုဒ်တွင် စစ်ဆေးရန်ခက်ခဲပါက ကိုယ်တိုင် တင်ပြရန် တောင်းခံမှုရှိနိုင်ပါတယ်။

💰 ငွေကြေးအထောက်အထား တင်ပြရမည့်အခြေအနေများ

  • အတန်း တက်ရောက်မှု 70% အထက် —> ငွေကြေးစာရွက် တင်ပြခြင်းမှ ချန်လှပ်နိုင်ပါသည်

  • အတန်း တက်ရောက်မှု 70% အောက် —> ကျောင်း၏ အသိအမှတ်ပြု အဆင့်သတ်မှတ်ချက် နှင့် တက်ရောက်မှု အခြေအနေအပေါ် မူတည်၍ ဘဏ်လက်ကျန်စာရွက်စာတမ်း တင်ပြရန် လိုအပ်နိုင်ပါတယ်။
    (တစ်ဝက်အထိ ဖြေလျှော့ခြင်း ချမှတ်နိုင်ပါတယ်။)

※ ငွေကြေးစာရွက်များသည် နှစ်အလိုက် ပြောင်းလဲနိုင်ပြီး သင်၏ အဆင့်၊ တက်ရောက်မှုနှုန်း၊ ကျောင်းအဆင့်အပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။
တိတိကျကျသိရှိရန် ကျောင်းတာဝန်ရှိသူ သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးရုံးနှင့် တိုင်ပင်ခြင်းကို အကြံပြုပါတယ်။

🏠 နေထိုင်မှုအထောက်အထား ပြင်ဆင်နည်း

  • ကျောင်းအိပ်ဆောင် —> ကျောင်းထုတ်ပေးသည့် အိပ်ဆောင်နေထိုင်မှုအထောက်အထား

  • ကိုယ့်နာမည်ဖြင့် အိမ်ငှားထားသူ —> လိပ်စာ၊ သက်တမ်း၊ ငှားသူ/အိမ်ရှင်အချက်အလက် ပါဝင်သည့် အငှားစာချုပ်

  • အခြားသူ၏အိမ်တွင် နေထိုင်သူ (မိသားစု၊ သူငယ်ချင်း၊ 쉐어하우스)
    →
    ① နေထိုင်မှုအတည်ပြုစာ
    ② အိမ်ပေးသူ၏ မှတ်ပုံတင်ကတ်မိတ္တူ
    ③ အိမ်ပေးသူ၏ အမည်ဖြင့် အငှားစာချုပ်
    (လိပ်စာတူနေပါက ③ ချန်လှပ်နိုင်သည်)

  • Goshiwon၊ Guesthouse၊ Airbnb စသည့်နေရာများ
    →
    ① နေထိုင်မှုအတည်ပြုစာ သို့မဟုတ် စာချုပ်
    ② လုပ်ငန်းမှတ်ပုံတင်လက်မှတ်
    ③ ငှားခပြေစာ သို့မဟုတ် ငွေလွှဲမှတ်တမ်း

📝 သတိပြုရန် အချက်များ

  • တက်ရောက်မှုရပ်နားခြင်း သို့မဟုတ် အမှတ်မလုံလောက်ခြင်း စသည့် အကြောင်းအရင်းများကြောင့် သင်ကြားမှု ရပ်နားထားသူများအတွက် သက်တမ်းတိုး လျှောက်ထားခွင့်ကို ကန့်သတ်နိုင်ပါတယ်။

  • လျှောက်လွှာ စစ်ဆေးခြင်းအတွင်း အပိုစာရွက်စာတမ်းများ တောင်းခံနိုင်ခြင်းရှိပြီး၊ အတည်ပြုခွင့်ပြုမည့်အဖြေသည် စစ်ဆေးရလဒ်အပေါ် မူတည်၍ဆုံးဖြတ်ပါတယ်။

  • အစိုးရဖိတ်ခေါ်ပညာသင်ဆု ကျောင်းသားများအတွက် ပညာသင်ဆုလက်မှတ် တင်ပြခြင်းဖြင့် ဝန်ဆောင်ခကို ချမှတ်၍ ကင်းလွတ်ခွင့် ရနိုင်ပါတယ်။

  • သင်တန်းအချိန်ဇယား မသိသာခြင်း သို့မဟုတ် ကျောင်း၏ အသိအမှတ်ပြု အဆင့် သတ်မှတ်ချက် အပေါ် မူတည်၍ ထပ်မံစာရွက်စာတမ်းတောင်းခံနိုင်ပါတယ်။

  • အွန်လိုင်း (전자민원) ဖြင့် သို့မဟုတ် သင်၏ကျောင်းရှိ နိုင်ငံတကာ ကျောင်းသားတာဝန်ခံ မှတဆင့် လျှောက်ထားခြင်းသည် အကောင်းဆုံး ဖြစ်ပါတယ်။

📞 မိမိအခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများကွဲပြားနိုင်ပါတယ်။ သေချာစွာ သိရှိလိုပါက 1345 (နိုင်ငံခြားသားအကြံဉာဏ်စင်တာ) သို့မဟုတ် သင်၏ကျောင်းရှိ နိုင်ငံတကာ ကျောင်းသားတာဝန်ခံ ထံ ဆက်သွယ်တိုင်ပင်ပါ။

🧾 သင့်အနေဖြင့် မည်သည့်အချက်အလက်မဆို စိုးရိမ်ခြင်းရှိပါက၊ “Vijob” က စနစ်တကျ ကူညီပံ့ပိုးပေးပါမည်။
အချိန်မ‌‌ရွေး "Vijob" ကို ဆက်သွယ်လိုက်ပါ။ 🌟