한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

🎓 D-2 Visa သက်တမ်းတိုးခြင်း (Offline/Online) ပြင်ဆင်နည်း ✍️

အားလုံးမင်္ဂလာပါ။ ဒါက Vijob ပါ။

ကိုရီးယားနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံတကာကျောင်းသားများအတွက် D-2 ဗီဇာသက်တမ်းတိုးခြင်း က တစ်ခါတလေ အနည်းငယ် ရှုပ်ထွေးနိုင်ပါတယ်။ သို့သော် စနစ်တကျ ပြင်ဆင်နိုင်မည်ဆိုရင် လွယ်ကူစွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး Vijob က နိုင်ငံတကာကျောင်းသားများ အနေနဲ ဗီဇာနှင့် စာရွက်စာတမ်းများကို ပိုမိုလွယ်ကူစွာ ပြင်ဆင်နိုင်စေရန် ကူညီပေးမှာ ဖြစ်ပါတယ်။

D-2 ဗီဇာသက်တမ်းတိုးခြင်းအတွက် သင်သိသင့်တဲ့ လျှောက်ထားချိန်၊ လုပ်နည်း၊ တင်ပြရမယ့်စာရွက်စာတမ်းများ ကို အဆင့်လိုက် ရှင်းပြပေးလိုက်ပါတယ်။

 á€™á€­á€™á€­á€Ąá€á€źá€ąá€Ąá€”္နသငအ် ကိုက်ညီတဲ့အတိုင်း လေ့လာပြီး တိကျစွာ ပြင်ဆင်နိုင်ပါစေ။👇

📅 ဘယ်အချိန်မှာ လျှောက်ထားရမလဲ?
  • လျှောက်ထားနိုင်သည့်ကာလ – ဗီဇာသက်တမ်း မကုန်မီ 4 လမှ ဗီဇာသက်တမ်း ကုန်ဆုံးသည့်နေ့အထိ

  • စိစစ်ချိန် – ပုံမှန်အားဖြင့် ၂ ပတ်မှ ၃ ပတ်အထိ ကြာနိုင်သည်

  • သတိထားရန် – စစ်ဆေးခြင်း မပြီးမချင်း သင်သည် နိုင်ငံမှ နိုင်ငံခြားသို့ ထွက်ခွာခွင့် မရှိပါ။ ခရီးသွားအစီအစဉ်များကို ချိန်ညှိရန် သတိထားပါ။

🧾 လျှောက်ထားနည်းလမ်း

၁။ အွန်လိုင်းလျှောက်လွှာ

  • HiKorea ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ပြီး
    “민원신청” → “등록외국인의 체류기간연장허가” ကို ရွေးချယ်ပါ

  • ဝန်ဆောင်ခ: ₩50,000

၂။ အော့ဖ်လိုင်းလျှောက်လွှာ

  • ပထမဦးဆုံး လူဝင်မှုကြီးကြပ်ရေးရုံးတွင် ကြိုတင်ရက်ချိန်းဆိုခြင်း လုပ်ရန် လိုအပ်ပါသည်

  • ချိန်းထားသည့်နေ့တွင် သက်ဆိုင်ရာရုံးသို့ သွားရောက်ပြီး စာရွက်စာတမ်းများ တင်ပြရပါမည်

  • ဝန်ဆောင်ခ: ₩60,000

📂 လိုအပ်သော အခြေခံစာရွက်စာတမ်းများ
  • ပေါင်းစပ်လျှောက်လွှာပုံစံ (သက်တမ်းတိုးခြင်းဖြစ်လျှင် ဓာတ်ပုံ မလိုအပ်ပါ) [통합신청서]

  • နိုင်ငံကူးလက်မှတ် (Passport) [여권]

  • နိုင်ငံခြားသားမှတ်ပုံတင်ကတ် [외국인등록증]

  • တက္ကသိုလ်တက်နေကြောင်း အထောက်အထား [재학증명서]

  • အမှတ်စာရင်း (Transcript) [성적증명서]

  • သင်တန်းကြေးပေးသွင်းမှု အထောက်အထား [등록금 납입 증명서]

  • နေထိုင်ရာအထောက်အထား [체류지 입증 서류]

  • ငွေကြေးအထောက်အထား (သက်ဆိုင်ပါက) [재정 입증 서류]

💰 ဘယ်အချိန်မှာ ငွေကြေးစာရွက် လိုအပ်မလဲ?
  • ပုံမှန်သင်တန်းတက်နေရပြီး C အမှတ်နှင့်အထက် ရရှိထားသူ → ငွေကြေးအထောက်အထား မလိုအပ်ပါ

  • C အမှတ်အောက် ရရှိထားသူ → ₩10,000,000 (၁သန်းဝမ်) နှင့်အထက် ပါဝင်သည့် ဘဏ်လက်ကျန်စာတမ်း တင်ပြရန် လိုအပ်ပါသည်

  • သင်တန်းပြီးပြီးနောက် Thesis / အပိုသင်တန်းဆက်လက်တက်နေရသူများ → ₩6,000,000 (ခြောက်သိန်းဝမ်) နှင့်အထက် ပါဝင်သည့် ဘဏ်စာတမ်း တင်ပြရပါမည်

※ ဘဏ်စာတမ်းသည် လျှောက်လွှာတင်သည့်နေ့မှ ၃၀ ရက်အတွင်း ထုတ်ထားသင့်ပြီး သင့်အမည်ဖြင့် ပြည်တွင်းဘဏ်ဖြစ်ရမည်။ စစ်ဆေးကာလအတွင်း လက်ကျန်ငွေရှိမရှိကို ထပ်မံစစ်ဆေးနိုင်သည်။

🏠 နေထိုင်ရာ အထောက်အထားများ
  • အိပ်ဆောင်တွင် နေထိုင်ခြင်း → ကျောင်းမှထုတ်ပေးသည့် အိပ်ဆောင်နေထိုင်မှုအထောက်အထား

  • ကိုယ့်နာမည်ဖြင့် ငှားထားသောအိမ် → လိပ်စာ၊ ငှားသူနှင့်အိမ်ရှင် အချက်အလက်ပါဝင်သည့် အငှားစာချုပ်မိတ္တူ

  • သူငယ်ချင်း၊ မိသားစု အိမ်များတွင် နေထိုင်ပါက
    →
    ① နေထိုင်မှုအတည်ပြုစာ
    ② အိမ်ပေးသူ၏ ID ကတ်မိတ္တူ (ရှေ့/နောက်)
    ③ အိမ်ပေးသူနာမည်ဖြင့် အငှားစာချုပ်
    (လိပ်စာတူညီပါက ③ ချန်လှပ်နိုင်သည်)

  • Goshiwon၊ Guesthouse၊ Airbnb တည်းခိုနေရာများတွင် နေထိုင်ပါက
    →
    ① နေထိုင်မှုအတည်ပြုစာ သို့မဟုတ် တည်းခိုစာချုပ်
    ② လုပ်ငန်းမှတ်ပုံတင်လက်မှတ်
    ③ ငှားခပြေစာ သို့မဟုတ် ငွေလွှဲမှတ်တမ်း
    (Airbnb အတွက် Receipt print ထုတ်ပြီး တင်ပြရပါမည်)

📝 အခြေအနေအရသာ လိုအပ်သော စာရွက်စာတမ်းများ
  • သင်တန်းပြီးပြီးနောက် Thesis, Credit, စာမေးပွဲအတွက် တိုးချင်ပါက
    → သင်တန်းအကြံပေးဆရာမှ ထုတ်ပေးသော အတည်ပြုစာ

  • တီဘီရောဂါစစ်ဆေးလက်မှတ်
    → တောင်းခံခြင်းရှိလျှင်သာ တင်ပြရမည်
    → ၃ လအတွင်း ထုတ်ထားပြီး ပြည်သူ့ကျန်းမာရေးဌာန သို့မဟုတ် သတ်မှတ်ထားသော ဆေးရုံမှသာ

  • အစိုးရပညာသင်ဆု ရရှိထားသူများ
    → ပညာသင်ဆုလက်မှတ် တင်ပြပါက ဝန်ဆောင်ခကင်းလွတ်နိုင်သည်

📞 လိုအပ်သော စာရွက်စာတမ်းများ သေချာသိရှိလိုပါက 1345(ဖုန်း) သို့မဟုတ် သင့်ကျောင်းရှိ နိုင်ငံတကာကျောင်းသားရေးရာဌာန ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🧾 သင့်အနေဖြင့် မည်သည့်အချက်အလက်မဆို စိုးရိမ်ခြင်းရှိပါက၊ “Vijob” က စနစ်တကျ ကူညီပံ့ပိုးပေးပါမည်။
အချိန်မ‌‌ရွေး "Vijob" ကို ဆက်သွယ်လိုက်ပါ။ 🌟