[UPDATE] ကိုရီးယားနိုင်ငံတွင် ဇွန် ၂၈ ရက်မှစ၍ ဘတ်စ်ကားနှင့် မြေအောက်ရထားခများ တိုးမြှင့်ကောက်ခံမည်။
📢 ၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်မှစ၍ ကိုရီးယား မြို့ပြဘတ်စ်ကားနှင့် မြေအောက်ရထားခ တိုးမြှင့်ကောက်ခံမှု အသိပေးချက်
ကိုရီးယားနိုင်ငံတွင် နေထိုင်နေကြသော နိုင်ငံခြားသားများအားလုံး၊
ဒီသတင်းကို သိရှိပြီးပါပြီလား?
2025 ခုနှစ် ဇွန်လ ၂၈ (စနေနေ့) စောပိုင်း ဦးစီ စစချိန်မှစ၍ မြို့ပြဘတ်စ်ကားနှင့် မြေအောက်ရထားခများ တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပါတယ်။ ယခုကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းသည် ဆိုးလ်၊ အင်ချွန်း၊ ဂယောင်းဂီဒို နှင့် KORAILအပါအဝင် ဆိုးလ်မြို့တော်ဧရိယာအတွင်း ပေါင်းစည်းထားတဲ့ လွှဲပြောင်းမှုလျှော့စျေးစနစ်အရ နယ်ပယ်အားလုံးမှာ အကျုံးဝင်ပါတယ်။
📌 အချက်အလတ်များ
စတင်အကျုံးဝင်မည့်နေ့ : 2025 ခုနှစ် ဇွန် ၂၈ (စနေနေ့) ပထမဆုံးရထား စတင် ပြေးဆွဲ ချိန်မှစ၍
သက်ဆိုင်သောဒေသများ : ဆိုးလ်၊ အင်ချွန်း၊ ဂယောင်းဂီဒို နှင့် KORAILမှ စီမံခန့်ခွဲသော ဆိုးလ်မြို့တော်ဧရိယာရှိ မြေအောက်ရထားများနှင့် ဘတ်စ်ကားများ
ယာဉ်စီးခစနစ် : ဆိုးလ်မြို့တော်ဧရိယာအတွင်းရှိ ပေါင်းစပ်ယာဉ်စီးခစနစ်နှင့် အတူတူပင်
💳 သယ်ယူပို့ဆောင်ရေးကတ်ပေါ်မူတည်၍ ယာဉ်စီးခပြောင်းလဲခြင်း (T-money) ယာဉ်စီးခ ပြောင်းလဲမှုများ
လူကြီးများအတွက်: 1,400ဝမ် မှ 1,550ဝမ် (+150 ဝမ်)
လူငယ်များအတွက်: 800ဝမ် မှ 900ဝမ် (+100 ဝမ်)
ကလေးများအတွက်: 500ဝမ် မှ 550ဝမ် (+50 ဝမ်)
💵 ငွေသားပေးချေမှုစံနှုန်း
လူကြီးနှင့်လူငယ် : 1,650ဝမ်
ကလေးငယ်များ : 550ဝမ်
🚇 အခြားအချက်အလက်များ
ယာဉ်စီးခတိုးမြှင့်မှုသည် မြို့တော်ဧရိယာရှိ မြေအောက်ရထားနှင့် ဘတ်စ်ကားလိုင်း အားလုံးတွင် တူညီစွာ သက်ရောက်မှာဖြစ်ပါတယ်။
လမ်းကြောင်းလွဲဝင်ခွင့်လျှော့ကောက် စနစ် မပြောင်းလဲပါ။
T-money ကတ်ကဲ့သို့သော သယ်ယူပို့ဆောင်ရေးကတ်များကို အသုံးပြုသည့်အခါတွင် နိုင်ငံခြားသားများသည် တိုးမြှင့်ကောက်ခြင်းကို အလိုအလျောက် ရရှိမှာဖြစ်ပါတယ်။