한국에서 꿈을 이루세요.

지금 바로 비잡과 함께 시작하세요.

D2, D4 အချိန်ပိုင်း အလုပ်လုပ်ခွင့် လျှောက်ရန် လိုအပ်သောအချက်အလက်များ

နိုင်ငံတကာ ကျောင်းသားများအနေနဲ့ ကိုရီးယားမှာ အချိန်ပိုင်း (အချိန်ပိုင်း) အလုပ်လုပ်တော့မယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးရုံးထံမှ ခွင့်ပြုချက်ရယူရမှာဖြစ်ပါတယ်။ အခု တစ်လော  တရားမဝင်အချိန်ပိုင်း ကျောင်းသားများကို ဖမ်းဆီးအရေးယူမှုများ အများအပြားရှိနေခဲ့ပြီး D4 သို့မဟုတ် D2 နိုင်ငံတကာကျောင်းသားများအနေနဲ့  ဖမ်းဆီးမခံရစေရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနထံ အတတ်နိုင်ဆုံး တိုင်ကြားနိုင်စေရန် လုပ်နည်းလေးတွေကို မျှဝေပေးလိုပါတယ်။ လူဝင်မှုကြီးကြပ်ရေး ခွင့်ပြုမိန့်ရယူရန်အတွက် လိုအပ်သောစာရွက်စာတမ်းများကို ပြင်ဆင်ပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ လျှောက်ထားရမှာဖြစ်ပါတယ်။

📄“အချိန်ပိုင်းအလုပ်လုပ်ခွင့်ပါမစ် (알바허가서)” လျှောက်တော့မယ်ဆိုရင် ဘာတွေ လိုအပ်မလဲ? 🤔​

✔️ 여권 사본, 외국인등록증 사본 (နိုင်ငံကူးလက်မှတ်မိတ္တူ၊ နိုင်ငံခြားသားမှတ်ပုံတင်ကတ်မိတ္တူ)

✔️ ​표준근로계약서 (ပုံမှန်အလုပ်ခန့်စာချုပ်)

✔️ 외국인유학생 시간제취업 확인서 (နိုင်ငံရပ်ခြားမှ နိုင်ငံတကာ ကျောင်းသား အချိန်ပိုင်း အလုပ်အကိုင် အတည်ပြုချက်)

✔️ 사업자등록증 (လုပ်ငန်းလိုင်စင်)

✔️ 재학증명서 및 성적증명서 (ကျောင်းတက်ရောက်ခြင်း ထောက်ခံစာ နှင့် ပညာရေးဆိုင်ရာ နောက်ခံလက်မှတ်)

✔️ Topik Certificate (Topik အောင်လက်မှတ်)

1️⃣ 표준근로계약서 (ပုံမှန်အလုပ်ခန့်စာချုပ်)

ပုံမှန် အားဖြင့် ဒီဖောင်ကိုတော့  ကိုယ် အလုပ်လုပ်မည့် အလုပ်ရှင်မှ ဖြည့်သွင်းလေ့ရှိပါတယ်။ ဒီထဲမှာဆိုရင်တော့  အောက်ပါအချက်တို့ပါဝင်ပါ၀င်ပါတယ် -

 💯 သင့်အမည်/အလုပ်ရှင်အမည်

💯 စာချုပ်သက်တမ်း (ဘယ်နေ့မှ ဘယ်နေ့အထိ)

💯 အလုပ်ချိန် (အတန်းချိန်မပါဝင်)

💯လစာ (နာရီလုပ်ခ/လစဉ်လုပ်ခ) (အလုပ်ရှင်မှပေးသောလစာ)

💯 ငွေပေးချေရမည့်ရက်

💯 ကုမ္ပဏီက အာမခံလျှောက်ပေးမပေး

အချက်အလက်မှန်ရင် လက်မှတ်ထိုးနိုင်ပါတယ်။ သင်ချုပ်ဆိုသော စာချုပ်ပါ အကြောင်းအရာများကို နားမလည်ပါက သင့်အလုပ်ရှင်နှင့် ဂရုတစိုက် ဆွေးနွေးသင့်ပါတယ်။ သေချာမသိပါက သိတက်တဲ့သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

2️⃣ 외국인유학생 시간제취업 확인서  (နိုင်ငံရပ်ခြားမှ နိုင်ငံတကာ ကျောင်းသား အချိန်ပိုင်း အလုပ်အကိုင် အတည်ပြုချက်)

ဒီဖောင်ကတော့ သင့်ကျောင်းတွင်လည်း သွားတောင်းနိုင်သလို Hikorea.go.kr ဝဘ်ဆိုဒ်ကနေလဲ ဒေါင်းလုဒ်လုပ်နိုင်ပါတယ်။ ဤဖောင်၏ "대상자" ကဏ္ဍတွင်၊ သင့်အချက်အလက်များကို ဖြည့်ပြီး  "취업예정근무처" ကဏ္ဍတွင် သင့်အလုပ်ရှင်၏ အချက်အလက်ကို သင့်အလုပ်ရှင်က ဖြည့်ပေးပါလိမ့်မယ်။ ၎င်းကိုဖြည့်စွက်ပြီးပါက သင့် လက်ရှိတက်နေတဲ့ကျောင်းရုံးခန်းသို့သွားရောက်ကာ အောက်ဆုံး "유학생담당자 확인란" မှာ လက်မှတ်ရေးထိုးခိုင်းရပါမယ်။

3️⃣ 사업자등록증 (လုပ်ငန်းလိုင်စင်)

ဒီဖောင်ကတော့ သင် အလုပ်လုပ်ဆောင်ရန် ရည်ရွယ်ထားသော အလုပ်ရဲ့ လုပ်ငန်းလိုင်စင်ဖြစ်ပါတယ်။ လုပ်ငန်းဖက်ကို တောင်းပါက ထုတ်ပေးမည်ဖြစ်ပါတယ်။

4️⃣ 재학증명서 및 성적증명서 (သင်တန်းတက်ရောက်မှု အထောက်အထားနှင့် ပညာရပ်ဆိုင်ရာ အောင်မြင်မှုလက်မှတက်မှတ်)

D4 ကို ဘာသာစကားကျောင်းမှထုတ်ပေးနိုင်ပြီး D2 ကိုကျောင်းစက်မှထုတ်ပေးနိုင်သည်။ တစ်ခုသတိပြုရမှာက တက်ရောက်မှုနှုန်းကောင်းရမယ်။ တက်ရောက်မှုနှုန်း မကောင်းပါက လျှောက်လွှာကို ပယ်ဖျက်နိုင်သည်။ ဒါကို သတိပြုပါ။

5️⃣Topik Certificate (Topik အောင်လက်မှတ်)

သင့်တွင် TOPIK လက်မှတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လျှောက်လို့ရသော အချိန်ပိုင်း အကန့်အသတ်များ ရှိတာကြောင့် အောက်မှာ အသေးစိတ် ထပ်ရှင်းပြပေးပါမယ်။ သို့သော် D4 ကျောင်းသားများအနေနဲ့ကတော့ TOPIK လက်မှတ်ရှိထားခြင်းက အချိန်ကန့်သတ်ချက်ကို တွက်ချက်ရာမှာ ပိုပြီးအသုံးဝင်ပါတယ်။ 

6️⃣အလုပ်ကိုင်ခွင့်ရှိသော နာရီကိုစစ်ဆေးပါ (အလွန် သတိထားသင့်သောအချက်)

D4 ဗီဇာကျောင်းသားများအနေနှင့် ကိုရီးယားသို့ရောက်ပြီး 6 လအကြာမှသာ အချိန်ပိုင်းအလုပ်လုပ် စတင်လုပ်ကိုင်နိုင်ပါတယ်။

အလုပ်လုပ်နိုင်သည့်အချိန်နှင့် TOPIK ရှိမရှိကို နောက်ဆုံးဓာတ်ပုံတွင် စစ်ဆေးနိုင်ပါတယ်။

🕘​D4 Visa အတွက် အချိန် ကန့်သန့်ချက်

🕘​2နှစ် Collage တက်သူများအတွက် အချိန် ကန့်သတ်ချက်

🕘4နှစ်တက္ကသိုလ် တက်သူများအတွက် အချိန်ကန့်သတ်ချက်

🕘​Master/PhDတက်သူများအတွက် အချိန်ကန့်သတ်ချက်

သင့်တွင် TOPIK ရှိ၊ မရှိ အပေါ် မူတည်ပြီး အလုပ်လုပ်ကိုင်နိုင်သော အချိန်များကို သေချာစစ်ဆေးပါ။

🔥ဤနေရာတွင် သတိပြုရမည့်အချက်မှာ သင့်တွင်ရှိသော အရည်အချင်းနဲ့ လူဝင်မှုကြီးကြပ်ရေးမှ သတ်မှတ်ထားတဲ့ အလုပ်လုပ်နိုင်တဲ့အချိန် အတွင်းသာ လျှောက်ထားနိုင်ပါတယ်။ ဥပဒေအရ သတ်မှတ်ထားသည့် နာရီထက် ပိုမို၍ လျှောက်ထား၍ မရပါ။ ထို့အပြင်၊ စာချုပ်တွင် ကျောင်းအချိန်များ သို့မဟုတ် အတန်းချိန်များကို ထည့်သွင်း၍မရပါ။

🔥🔥 မှတ်ချက်။

ပါမစ်မရှိဘဲ အချိန်ပိုင်းအလုပ်လုပ်ခြင်းသည် တရားမဝင် အလုပ်ဟု သတ်မှတ်ခံရပြီး ဒဏ်ငွေပေးဆောင်ရခြင်း၊ အတင်းအကြပ် ပြန်ပို့ခြင်းစသည့် အပြစ်ပေးမှုများခံရပါတယ်။

နိုင်ငံတကာ ကျောင်းသားများအတွက် တစ်ပတ်လျှင် အများဆုံး 10 နာရီ သို့မဟုတ် 25 နာရီ (TOPIK အဆင့်မြင့် သို့မဟုတ် အထက် သို့မဟုတ် လူမှုပေါင်းစည်းမှု အဆင့် 3) သင်တန်းပြီးဆုံးသည်အထိ အချိန်ပိုင်းအလုပ် လုပ်နိုင်သည်။

အချိန်ပိုင်းအလုပ်မစတင်မီ လူဝင်မှုကြီးကြပ်ရေးရုံးမှ ခွင့်ပြုချက်ရယူရပါမည်။

ပိုမိုသိရှိလိုပါက၊ Hi Korea ဝဘ်ဆိုဒ် သို့မဟုတ် Foreigner Information Center (1345) သို့ ဆက်သွယ်ပါ။